လမ်းကြောင်းသစ်

ကမ္ဘာကျော် Genius တို့ရဲ့ လူသိပ်မသိသေးတဲ့ အစားအသောက် အလေ့အကျင့်များ

ဟိုးငယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြတဲ့ ကမ္ဘာကျော် Genius တို့ ဘာလို အလေ့အကျင့်တွေနဲ့ ဘာတွေစားခဲ့လဲ။ ကိုယ်တွေ ဟိုးအရင်ကတည်းက လေးစားအားကျခဲ့ရတဲ့ ကမ္ဘာကျော် Genius တွေ အကြောင်းမေးထားတဲ့ ဒီမေးခွန်းလေးက ရိုးရှင်းတယ်။ သူတို့ ဟိုးအရင်တုန်းက သူတို့ဘာတွေစားခဲ့ကြလဲ။ ဘယ်လိုအလေ့အကျင့်လေးတွေရှိလဲ။ အခုခေတ်နဲ့ရော ဘာတွေကွာသွားကြပြီလဲ သိချင်ရင်တော့ ဖတ်ကြည့်လိုက်ရအောင်။

1 အိုင်းစတိုင်းဘာတွေစားခဲ့လဲ?
ကိုယ်တို့ အရင်တုန်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားခဲ့ကြပေမဲ့ အခုပြောပြမယ့် genius တွေစားတဲ့အစားအစာနဲ့ တူမှာလား။ 

2 သူတို့က ကော်ဖီများများသောက်ခဲ့ကြပါတယ်။
Beethoven, J.S. Bach or Honoré de Balzac တို့လို Genius တွေဖြစ်ချင်ရင်တော့ ကော်ဖီတစ်ခွက်နဲ့ နေ့တစ်နေ့ကို အစပြုတာ အကောင်းဆုံးပါပဲ။ Beethoven ကတော့ တစ်နေ့တစ်နေ့ ကော်ဖီစေ့ပေါင်း ၆၀ ကနေ ရရှိလာတဲ့ ကော်ဖီကို နေ့တိုင်းသောက်လေ့ရှိပါတယ်။ တစ်နေ့နဲ့ တစ်နေ့ လုံးဝမပို လုံးဝမလျော့ပဲ ကော်ဖီစေ့ ၆၀ တိုင်းကို brewed လုပ်ပြီးသောက်ပါတယ်။အံ့သြစရာကောင်းတာက Honoré de Balzac ဟာ တစ်နေ့ကို ကော်ဖီခွက်ပေါင်း ၅၀ တောင် သောက်ခဲ့ပါတယ်တဲ့။ 

3 မနက်စာအနေနဲ့ ကြက်ဥကိုစားလေ့ရှိကြတယ်
မနက်တိုင်းကော်ဖီနဲ့အတူတူသောက်ဖို့ အလိုက်ဖက်ဆုံးကို ရှာနေပါလား။ ကြက်ဥဆိုရင်ရော ဘယ်လိုလဲ??Renowned dancer and choreographer Twyla Tharp  ကတော့ မနက်တိုင်း ကြက်ဥ ၃ လုံးစားပါတယ်တဲ့။ ကြက်ဥက ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက အစားအစာတစ်မျိုးလည်း ဖြစ်ပြီးတော့ ကျန်းမာရေးနဲ့လည်း အရမ်းညီညွတ်စေတဲ့ အစားအစာတစ်မျိုးပါ။

4 မနက်စာကိုနေ့တိုင်းစားပါ
မနက်စာဆိုတာ နေ့တစ်နေ့ရဲ့ အရေးကြီးဆုံး အစားအစာတစ်မျိုးလည်းဖြစ်တာကြောင့် မနက်စာကိုနေ့တိုင်းစားပေးဖို့ အရမ်းလိုအပ်ပါတယ်။ Charles M. Shulz ကတော့ သူ့ရဲ့ မနက်စာအတွက် pancake နဲ့ oak meal တစ်ပွဲကို အမြဲတမ်းစားလေ့ရှိပါတယ်။ 

5 Chocolate စားပါ
စာရေးဆရာ Nathaniel Hawthorne  ဟာ ဆောင်းရာသီမှာဆိုရင် ချောကလက်ပျစ်ပျစ်နှစ်နှစ် တစ်ခွက်နဲ့ ပေါင်မုန့်ကို ညတိုင်းစားပေးပါတယ်။ Innovative filmmaker David Lynch  ဟာ ၇ နှစ်တိုင်အောင် နေ့လည်စာစားတိုင်း Chocolate milkshake အမြဲသောက်ပေးပါတယ်။ ၂၀၁၂ မှာ Dr. Franz H. Messerli  က ချောကလက်စားတဲ့သူတွေကို သုတေသနပြုလုပ်ခဲ့ပါတယ်။ သူသုတေသနပြုလုပ်ရင်း လေ့လာတွေ့ရှိခဲ့တာကတော့ ကမ္ဘာပေါ်မှာ ချောကလက်အစားဆုံးနိုင်ငံတွေ( ဥပမာ. Switzerland, Sweden and Denmark ) မှာ  Nobel Prize ရရှိသူ အများဆုံးရှိနေတာကို တွေ့ရှိရပါတယ်။

6 ဟင်းသီးဟင်းရွက်စားပါ
ကမ္ဘာပေါ်မှာ စိတ်ထားအကောင်းဆုံးရှိတဲ့သူတွေက ဟင်းသီးဟင်းရွက်တွေပဲ စားသုံးသူတွေပါ။ အဲ့ထဲကမှ Albert Einstein က အသားငါးတွေကို သူ့တစ်ဘ၀လုံး မစားပဲ ဟင်းသီးဟင်းရွက်တွေကိုပဲ စားသုံးခဲ့ပါတယ်။ 

7 အရက်သောက်ပါ
ဒီအချက်ကတော့ အားလုံးကြိုက်မယ့် အချက်ဆိုတာ အသအေချာပါပဲ။ ဒါပေါ့ ကမ္ဘာကျော်ခဲ့တဲ့ Genius တွေအကုန်လုံးက အရက်အရမ်းသောက်ကြပါတယ်။ ပန်းချီဆရာ Francis Bacon ကတော့ တစ်ညလုံး အရက်တွေသောက်နေခဲ့ပါတယ်။ ဒါပေမယ့် နောက်နေ့မနက်မှာတော့ မနက်စောစောထပြီး ပန်းချီကို နာရီပေါင်းများစွာရေးဆွဲနေခဲ့ပါတယ်။ Ernest Hemingway  ကလည်း ညဘက်မှာ မူးအောင်သောက် မနက်ဘက်မှာ အေးဆေးအလုပ်လုပ်နိုင်အောင် အရက်ကို Balance ညီညီသောက်နိုင်ပါတယ်။ အရက်သောက်ခြင်းနဲ့ အလုပ်လုပ်နိုင်ခြင်းကို Balance ညီအောင် ထိန်းထားနိုင်တယ်ဆိုတာ တကယ့်ကို အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒါကြောင့် အရက်လည်းသောက် အလုပ်လည်း လုပ်နိုင်အောင် ကြိုးစားကြည့်ပါ။

8 ထူးခြားတဲ့ အစားအသောက်အလေ့အကျင့်များကို လိုက်နာကြည့်ပါ
Steve Jobs  ကတော့ တစ်ကြိမ်တည်းမှာ မုန်လာဥနီတစ်မျိုးတည်းကိုပဲ စားခဲ့ပါတယ်။သူဟာ ရက်သတ္တပတ်တော်တော်များများမှာ အစားအစာတစ်မျိုးတည်းကိုပဲစားခဲ့ပါသေးတယ်။ တစ်နေ့မှာ တစ်ကြိမ်ပဲ အစားစားတဲ့သူနဲ့ Blueberries တွေကိုပဲစားတဲ့သူလည်း ဟိုးအရင်ခေတ်က စားခဲ့ကြပါသေးတယ်။

9 အခုလောလောဆယ်မှာရော ဘာတွေလေ့လာတွေ့ရှိထားကြလဲ
ဝိတ်ချနေတဲ့နည်းလမ်းထဲမှာ ဦးနှောက်ကိုပါ ပိုကောင်းလာစေနိုင်တဲ့ နည်းလမ်းများရှာဖွေနေပါသလား။ ဒါဆိုရင်တော့ omega-6 နဲ့ omega-3 ကိုစားကြည့်ပါ။အဲ့ဓါတ်တွေကို ပဲနဲ့ ငါးတွေဆီမှာ တွေ့ရှိနိုင်ပါတယ်။ berries , မြေပဲတွေနဲ့ ဟင်းသီးဟင်းရွက်တော်တော်များများမှာ ပါတဲ့ antioxidants ဓါတ်တွေက ဦးနှောက်ကို ပိုပြီးအထောက်အကူပြုပါတယ်။အစားအသောက်ဆိုတာ ကျန်းမာရေးနဲ့ လုံးဝကို ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ ဒါ့ကြောင့် “ စားလည်းစားပါ။ များလည်း မများပါစေနဲ့။ အသီးအရွက်လည်း များပါစေ။ “ ဆိုပြီး Michael Pollan  ကပြောခဲ့ပါတယ်။

အားလုံးလည်း ကမ္ဘာကျော် Genius တွေ ဘာတွေစားခဲ့လဲ။ ကိုယ်တွေရော ဘာတွေစားနေလဲ။ ကမ္ဘာကျော်တွေစားသလိုစားရင် အကုန်လုံး ကမ္ဘာကျော် မဖြစ်နိုင်ပေမယ့် သူတို့စားသလို စားပေးရင်တော့ ကျန်းမာရေးအတွက် အထောက်အကူတစ်ခုခု ရနိုင်မှာ ကျိန်းသေပါတယ်နော်။ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားပြီး ကျန်းမာတဲ့ ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ

နောက်ထပ် ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြပေးဦးမလဲ ဆိုတာသိဖို့ Yathar Page လေးကို See first or Like လုပ်ထားဖို့ မမေ့နဲ့ဦးနော်။

Application Download link – https://s.yathar.com/apps