ဆေးစာ

ပုစွန်ကို ဘယ်လိုလုပ်စားကြမလဲ

ဒီတစ်ခါတော့ ပုစွန်ချစ်သူတွေအတွက် ပုစွန်ကို ဒီလိုပုံစံလေးကြော်စားမယ်လေ။ဘယ်လို ပုံစံဖြစ်မလဲ။ ဘယ်လိုအရသာရှိအောင် ချက်ရမလဲဆိုတာသိဖို့အတွက် ဆက်ဖတ်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်း
ပုစွန်အလယ်အလတ်
Gim or Rum ခွက် ၁ ဝက်
ကြက်သွန်ဖြူ ၄ တက်
ဆား စားပွဲတင်ဇွန်း ၂ ဇွန်း
ငရုပ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
ဂျုံမှုန့် လေးပုံပုံ သုံးပုံ
ပြောင်းဖူးမှုန့် လေးပုံပုံ ၁ ပုံ
ဆီ

ပြုလုပ်နည်း
ပုစွန်များကို ရေသေချာဆေးပြီး ရေစစ်ထားပါ။
ပန်းကန်တစ်ခုထဲမှာ ပုစွန်၊ ကြက်သွန်ဖြူ၊ Gim နှင့် ငရုပ်ကောင်းမှုန့်ကိုထည့်ပြီး မိနစ် ၃၀ ခန့်နှပ်ထားပါ။
ပြီးလျှင် အရည်များကို သွန်လိုက်ပါ။
ပန်းကန်တစ်လုံးထဲတွင် ဂျုံမှုန့် နှင့် ပြောင်းဖူးမှုန့်၊ ဆား၊ ငရုပ်ကောင်းမှုန့် တို့ကို ရောမွှေပါ။ ပြီးလျှင် ပုစွန်များကို ထည့်ပြီးနှံ့အောင် သေချာနယ်ပါ။
ပြီးလျှင် ဆီ ၂ လက်မလောက်ထည့်ထားသော အိုးထဲသို့ ပုစွန်များကို ထည့်ပြီးကြော်လိုက်ပါ။
ပုစွန်များ ရွှေရောင်သမ်းလာပြီဆိုပါက ပုစွန်များကို ဆယ်လိုက်ပါ။ ပြီးလျှင် ဆီစစ်ပြီး ကြိုက်နှစ်သက်ရာ sauce နှင့်တို့စားပါ။

အခုဆိုရင် အရမ်းကို အရသာရှိတဲ့ ပုစွန်ကြော်နည်းလေးကို သိသွားပြီဆိုတော့ အိမ်မှာ လုပ်စားကြည့်ကြမယ်လေ။ လုပ်နည်းလေးကို တခြားသူတွေလည်းသိအောင် share ထားလိုက်ကြမယ်လေ။