ဒူးခေါင်းတို့ တံတောင်ဆစ်တို့ဆိုတာ အနည်းနဲ့ အများတော့ မဲတတ်ကြပါတယ်။အဲ့နေရာတွေ မဲနေလို့ ကိုယ့်ကိုကိုယ် confident နည်းနေသူများအတွက် အိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်တဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်။
၁ ရေနွေးငွေ့
ဒီနည်းလမ်းလေးက အရမ်းကို လွယ်ကူတဲ့နည်းလေးဖြစ်ပါတယ်။ ရေပူပူထဲကို Towel နှစ်ပြီး ရေညှစ်ချပါ။ ပြီးလျှင်တော့ မဲနေတဲ့နေရာပေါ်မှာတင်ထားပေးပါ။ ၅ မိနစ်လောက်ကြာရင် ပြန်ခွာလိုက်ပါ၊ Towel ကို ကပ်ထားတဲ့နေရာကို ညှင်သာစွာ ပွတ်ပေးခြင်းဖြင့် ဆဲလ်သေများကိုဖယ်ရှားပေးပြီး မဲနေတာတွေကို လျော့ချပေးနိုင်ပါတယ်။
၂ Mask
ဒီ Mask လေးက အရမ်းကိုရိုးရှင်းတဲ့ Mask လေးတစ်ခုပြီးတော့ အသားအရည်ကို ပိုမိုကောင်းမွန်လာစေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲ့တော့ နည်းလမ်းလေးက ဘာများဖြစ်မလဲ။
ပါဝင်ပစ္စည်းလေးတွေကရော ဘာလဲ ဆိုတာ သိဖို့ ဖတ်ကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
ပင်လယ်ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
Virgin Olive Oil စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းများကို Bowl တစ်ခုထဲထည့်ပြီး သေချာမွှေပေးပါ။ ပြီးရင်အဲ့အနှစ်လေးကို မဲနေသောနေရာများကို လိမ်းပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေသေချာဆေးပေးပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်ကို တစ်ခါလုပ်ပေးပါ။
ဒီနည်းလမ်းလေးက အရမ်းကို အကျိုးရှိတဲ့နည်းလမ်းဖြစ်ပြီးတော့ အသားအရည်ကိုအထောက်အကူပေးနိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။ oil က အသားအရည်ကို အစိုဓါတ်၊ တင်းရင်းစေတဲ့ဓါတ်အပြင် အသားအရည်ကာလာကိုလည်း အထောက်အကူပြုစေပါတယ်။
၃ အသားအရည်ဝင်းလက်စေတဲ့ Mask
ပါဝင်ပစ္စည်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Coconut Milk လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းများကို အနှစ်ဖြစ်တဲ့အထိ ရောမွှေလိုက်ပါ။ အဲ့အနှစ်ကို မဲနေသောနေရာများကို လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ သေချာဆေးပေးပါ။ နနွင်းက အသားအရည်ကို အစိုဓါတ်ထိန်းပေးပြီး နူးညံ့စေပါတယ်။ Coconut Milk မှာလည်း အသားအရည်အတွက်လိုအပ်တဲ့ အစိုဓါတ်နဲ့ အားဖြစ်စေတဲ့ ဗီတာမင်ဓါတ်တွေပါဝင်ပါတယ်။
အပေါ်မှာ ပြောပြထားတဲ့ နည်းလမ်း ၃ မျိုးထဲက မိမိကြိုက်နှစ်သက်တဲ့နည်းလမ်းကို အသုံးပြုလို့ရတဲ့အပြင် ဒီနည်းလမ်းလေးတွေကို တခြားသူများလည်း အသုံးပြုနိုင်အောင် sharing လုပ်ပေးကြရအောင်။