ကိုကြီး
မောင်လေး
မောင်လေးတွေနဲ့ဆို
– အားကြီး အရိုခံရမှာပါ။
– အစားစားရင်လည်း ခွံ့ကျွေးခံရဖို့ မစဉ်းစားပါနဲ့ ကိုယ်ပဲ ခွံ့ကျွေးလိုက်ပါ။
– အဲ….. အရက်သောက်တဲ့ နေရာမှာတော့ မောင်လေးလည်း သူတစ်ခွက် ကိုယ်တစ်ခွက်ပါပဲ။
Unicode Version
မောင်လေးလား? ကိုကြီးလား?
အစားအသောက်နဲ့ ပတ်သက်ပြီး ကိုကြီးနဲ့ မောင်လေးကွာခြားချက်တွေကို သိကြလား?
ကိုကြီးတွေနဲ့ဆိုဘယ်လိုလဲ? မောင်ကြီးတွေနဲ့ဆို ဘယ်လိုလဲ?
ကိုကြီး
ကိုကြီးတွေနဲ့ အတူတူစားမယ်ဆို
- နေကြာစေ့လေးလည်း ခွာကျွေးခံရနိုင်ပါတယ်။
- Hot Pot ပူပူလေးသောက်ရင်လည်း အသားဖတ်လေးတွေက ကိုယ့်အတွက် ဖြစ်နိုင်ပါတယ်။
- ကိုကြီးတွေနဲ့ဆိုရင် ဗိုက်ဆာတယ်ပြောတာနဲ့ အိမ်ရှေ့ကို ပါဆယ်ထုပ်လေးနဲ့ ကိုယ်ကြိုက်တာတွေ လာပို့နိုင်ပါတယ်။
- ကိုကြီးတွေက အရမ်းကို ဂရုစိုက်တတ်ပါတယ်။
- အလုပ်မအားလို့ အချိန်ပြည့် ဂရုမစိုက်နိုင်တာမျိုးတော့ သည်းခံပေးနိုင်မှ ဖြစ်ပါမယ်။
- တစ်ခုခုဆို ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်ပါတယ်။
- မွေးနေ့မှာ ဘာလိုချင်လဲ တစ်ခုခုအလိုရှိတာမျိုးဆို ဟောခနဲ ဝယ်ပေးနိုင်ပါတယ်။
- ကိုယ့်မျက်နှာလေး တစ်ချက်အငြိုးမခံပါဘူး။
- ကိုယ်စိတ်ကောက်လည်းသူချော့ပါ…သူစိတ်ကောက်လည်း သူချော့ပါ။
- အရက်သောက်ပြီဆိုရင်လည်း သူတစ်ခွက် ကိုယ်တစ်ခွက်သောက်ဆိုပေမဲ့ ကိုကိုက မူးရင်ထိန်းပါလိမ့်မယ်။
မောင်လေး
မောင်လေးတွေနဲ့ဆို
- အားကြီး အရိုခံရမှာပါ။
- မောင်လေးတွေက ချစ်တတ်သူကြီးမို့ အချိန်ရှိတိုင်း အရိုခံရမှာပါ။
- တစ်ခုခုဆို မောင်လေးတွေက ချွဲတတ်လွန်းလို့ ရုံးပတေသီးလေးတွေက ဆရာတင်စားခံရမှာပါ။
- အစားစားရင်လည်း ခွံ့ကျွေးခံရဖိို့ မစဉ်းစားပါနဲ့ ကိုယ်ပဲ ခွံ့ကျွေးလိုက်ပါ။
- မောင်လေးတွေနဲ့ဆို ကိုယ်စိတ်ကောက်ဖို့ထက် သူစိတ်ကောက်တာက ပိုများနေပါလိမ့်မယ်။
- ဒါပေမဲ့လည်း မောင်လေးတွေကလည်း ကိုယ်ချစ်တဲ့သူကိုထိရင် အရာရာကို ရင်ဆိုင်ရဲတဲ့ အချစ်သူရဲကောင်းတွေပါ။
- ရုပ်ရှင်ကြည့်ရင် ကိုယ်စားချင်တဲ့ မုန့်ထက် သူစားချင်တဲ့မုန့်ပဲ ကိုယ်စားရမှာပါ။
- အဲ….. အရက်သောက်တဲ့ နေရာမှာတော့ မောင်လေးလည်း သူတစ်ခွက်် ကိုယ်တစ်ခွက်ပါပဲ။
အဲ့တော့ အချွဲသန်ပါတယ်ဆိုတဲ့ မောင်လေးတွေကို ရွေးမလား?
အားကိုးလို့ရနိုင်တဲ့ ကိုကြီးတွေကိုရွေးမလား?
Yathar Application Download Link
Booking လုပ်နည်း
Discount Coupon အသုံးပြုနည်း