မိသားစုတွေ အပေါင်းအသင်းတွေအတွက် တစ်နပ်စာကို စျေးတန်တန်လေးနဲ့ စားလို့ရမယ့် Set Menu တွေနဲ့ နာမည်ကြီးတဲ့ အရသာဆိုင်အကြောင်းကို ဖတ်ကြည့်လိုက်ရောအာင်…
Q1 ဒီ အရသာဆိုင်ကို ဘယ်တုန်းကတည်းက စဖွင့်ခဲ့တာလဲ။
Ans ကျွန်တော်တို့ အရသာဆိုင်ကို ဂျူလိုင် ၂၉ ရက်နေ့က အရသာဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တာပါ။ စဖွင့်တာနဲ့ Customer တွေကို Set Menu တွေနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ Set Menu မှာ အစားစားရှိပေမဲ့ ၁၂၀၀၀ ကနေ ၂၅၀၀၀ အထိရှိပါတယ်။
Q2 ဒီဆိုင်ဖြစ်လာဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲ။
Ans ဒီဆိုင်ကို April လကတည်းက ပြင်ဆင်ခဲ့ပါတယ်။ Customer တွေအတွက် အပေါ်ဆုံးထပ်မှာ လေသာဆောင်ရှိတယ်။ ဒုတိယထပ်မှာ Air-con ခန်းရှိတယ်။ အောက်ဆုံးထပ်မှာတော့ လွယ်လွယ်ကူကူဝင်ထွက်သွားလာနိုင်တဲ့ မြေညီထပ်ရှိတယ်။
Q3 ဒီဆိုင်ကို တည်ထောင်ခဲ့တဲ့အချိန် ဘယ်လို အခက်အခဲမျိုးတွေ ကြုံတွေ့ရလဲ။
Ans အခက်အခဲက ပတ်ဝန်းကျင်မှာ ဘယ်လိုရောင်းချလဲ။ ငါတို့ကရော Customer တွေ ဘယ်လိုကြိုက်လောက်လဲဆိုတာ အဖက်ဖက်က စဉ်းစားပြီး customer ကြိုက်တာမျိုး စီစဉ်ဖြစ်ပါတယ်။
Q4 Customer တွေကိုရော ဘယ်လို Service မျိုးပေးလဲ။
Ans Customer တွေအတွက် သူတို့ Set Menu စားတဲ့အခါ အချိုပွဲလက်ဆောင်ပေးတာတို့၊ နောက် menu လေးတွေနဲ့ မိတ်ဆက်ပေးဖို့ ရှိပါတယ်။ နောက်ပိုင်း စည်ဘီယာတောင်းဆိုတဲ့အတွက် စည်ဘီယာလေးလည်း လုပ်ပေးဖို့ရှိပါတယ်။ Catering လည်းလုပ်ပေးတယ်။ ကုန်ပစ္စည်းမိတ်ဆက်ပွဲတို့ ကုမ္ပဏီပွဲတွေဆိုရင်လည်း လုပ်ပေးပါတယ်။
Q5 နောက်ထပ်ရော ဘာတွေလုပ်ဖို့ရှိလဲ။
Ans နောက်ထပ် ဆိုင်တိုးချဲ့ဖွင့်လှစ်ဖို့ရှိတယ်။ Catering Service ပဲ ဖြစ်ဖြစ် နောက်ဆို ဒံပေါက်လည်း လက်ခံတယ်။ Catering မလုပ်ခင် တစ်ပတ်လောက် ကြိုမှာ ပေးရင်အဆင်ပြေပါတယ်။
Q6 Customer တွေကိုရော ဘာပြောချင်သေးလဲ။
Ans စားသုံးသူတွေအနေနဲ့ ဆိုင်မှာ လာအားပေးပါ။ စားသုံးသူတွေအနေနဲ့ Waiter တွေ Service တွေကို မကြိုက်တာမျိုးရှိရင်လည်း ပြောပေးပါ။ Customer တွေအနေနဲ့ feedback ပေးပေးပါ။ အဓိကက Customer တွေ အဆင်ပြေဖို့ပါ။ ကျွန်တော်တို့ ဆိုင်မှာလာအားပေးပါ။ Customer တွေ စိတ်ကျေနပ်တဲ့အထိ ဝန်ဆောင်မှုပေးမှာပါ။
Yathar Application Download Link
Discount Coupon အသုံးပြုနည်း
Booking ပြုလုပ်နည်း
Zawgyi ဖြင့် ဖတ်ပါ
မိသားစုတွေ အပေါင်းအသင်းတွေအတွက် တစ်နပ်စာကို ဈေးတန်တန်လေးနဲ့ စားလို့ရမယ့် Set Menu တွေနဲ့ နာမည်ကြီးတဲ့ အရသာဆိုင်အကြောင်းကို ဖတ်ကြည့်လိုက်ရောအာင်…
Discount Coupon အသုံးပြုနည်း
Booking ပြုလုပ်နည်း