လမ်းကြောင်းသစ်
မင်္ဂလာပါရှင်!!
မှားသွားလို့ !
ဒါဆိုရင်
List လုပ်ထားရမယ်!
ရည်းစားမရှိဘူး
အဲ မဟုတ်ဘူး။
ရည်းစားမရှိသေးဘူး
ရှင့်။
အဲ့လို…
အပျိုကြီး
တလက်ဆတည်း
ဖက်တီရဲ့ ၀ိတ်လျော့နည်းတို့ ဆီများတာတို့
အချစ်ရှိလား?
နောက်ထပ်.
[Unicode]
[အခန်းဆက်] မြန်မာနိုင်ငံကအချစ်ရှိသူမိတ်ဆွေများဆီသို့
မင်္ဂလာပါရှင်!!
yathar Magazine!! ပထမဦးစွာ!!!
မသိသေးတဲ့မိတ်ဆွေ၊သိပြီးသားမိတ်ဆွေ၊နောက်ထပ်ကျွန်မကိုသိနှင့်ပြီးသောမိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက်နှင့်သူငယ်ချင်းအပေါင်းတို့ကိုထပ်မံမိတ်ဆက်ပါမယ်ရှင့်!!
ကျွန်မနာမည်ဝတ်မှုန်ရွှေရည်ပါ  ! ! ! !
မှားသွားလို့ !
မြန်မာနိုင်ငံ၏ဖျော်ဖြေတင်ဆက်သူ
TOKYO ODEN BOYS ရဲ့ kitty လို့ခေါ်ပါတယ် !!!
ပထမဆုံးပုံရိပ်ကအရေးကြီးဆုံး !!!
ဆိုတော့ဟာသအနုပညာကျောင်းတက်တုန်းကနေထိုင်ပုံမျိုးဖြစ်မနေအောင်သေချာဂရုတစိုက်ဓာတ်ပုံတွေကိုပြင်ဆင်ဖော်ပြပါမယ်နော်☆
ဒါဆိုရင်
ယခုလမှစပြီးအပတ်စဉ်စနေနေ့တိုင်းTOKYO ODEN BOYSအဖွဲ့တွေကအခန်းဆက်ပုံစံရေးသားဖော် ပြခွင့်ရတဲ့အဖွဲ့ဝင်ထဲမှKittyက(ပထမဆုံးတွေ့တဲ့ပုံစံကိုနာမည်ပြောင်ခေါ်တဲ့စတိုင်ပါ)ဘယ်အကြောင်းအရာကိုအခန်းဆက်နေနဲ့ရေးရင်ကောင်းမလဲလို့?
အများကြီးစဉ်းစားခဲ့တယ်။
 “ဘယ်လိုအခန်းဆက်အကြောင်းကိုရေးရင်မိတ်ဆွေတို့သဘောတွေ့နိုင်မလဲ?”
“မိတ်ဆွေတို့အကြိုက်တွေ့မယ့်အရာကဘာပါလိမ့်?”
“ဘယ်အရာကစိတ်ဝင်စားစရာကောင်းမှာပါလိမ့်?”
 “ဘာပဲဖြစ်ဖြစ် ရေခဲမုန့်စားမယ်”
“နိုး၊ မဟုတ်ဘူး၊ ညမိုးချုပ်နေပြီရေခဲမုန့်မစားသင့်တော့ဘူး”
“ချစ်သူကောင်လေးလိုချင်လိုက်တာ”
ချစ်သူကောင်လေးနဲ့ Date ရင်
သွားချင်တဲ့ဆိုင်လေးတွေကို
List လုပ်ထားရမယ်!
လို့ ဆုံးဖြတ်ခဲ့တယ်!!! (ရေခဲမုန့်ကိုတစ်ကြိမ်ကြားညှပ်ပြီးပြောမိလို့စိတ်မကောင်းပါဘူး။)
ရိပ်မိနေမယ်လို့တော့ထင်ပေမယ့် ပြောပြမိခဲ့ပြီလေ။
ရည်းစားမရှိဘူး
အဲ မဟုတ်ဘူး။
ရည်းစားမရှိသေးဘူး
ရှင့်။
ဂျပန်လိုဆိုဒီလိုပြောချင်တယ်
“ရည်းစားမရှိသေးဘူး။လို့ပြောနေပေမယ့်အမှန်ကမရှာရသေးတာပါ”
လို့အဓိပ္ပာယ်ဖွင့်ချင်တာပါ။
အဲ့လို…
အပျိုကြီး
Kittyကမြန်မာနိုင်ငံမှာခန့်ညားချောမောတဲ့ချစ်သူနှင့်အတူတူပျော်ပျော်ရွှင်ရွှင်လျှောက်လည်ချင်တဲ့အိမ်မက်ရှိတယ်။
အဲ့လိုပျော်ပျော်ရွှင်ရွှင်လျှောက်လည်ချင်တဲ့နေရာတွေကိုလေ့လာရှာဖွေကြည့်ထားတယ်။
၁။ ကန်တော်ကြီးမှာခြင်နဲ့ရန်ဖြစ်ရင်းလျှောက်လည်ရမလား။
၂။ ကောင်လေးနဲ့ကားလျှောက်မောင်းမယ်။ ဂရုတစိုက်ကားမောင်းရင်းလျှောက်လည်ရမလား။
၃။ အရသာရှိတဲ့ဆိုင်မှာအေးဆေးထိုင်စကားပြောရင်းလျှောက်လည်မလား။
နံပါတ်(၃)ကအကောင်းဆုံးပဲ။
(၁)နဲ့(၂)ကတခါတလေဆိုကောင်းပေမယ့်ခန့်ညားချောမောတဲ့ချစ်သူမျက်နှာကိုတစိမ့်စိမ့်ကြည်နေချင်တာ။
ဒါတင်မကသေးဘူးရှင့်! အရသာရှိပြီးသန့်ရှင်းလှပ တဲ့ဆိုင်လေးဆိုပိုအဆင်ပြေတယ်။
ပြီးတော့ခြင်ကိုက်လဲမခံရတော့ဘူး။
အဲ့လိုဆိုင်မျိုးကိုkittyအပြင်ကောင်မလေး၊ကောင်လေးတွေအားလုံးကသိချင်နေမယ်လို့ထင်ပါတယ်။
တလက်ဆတည်း
TOKYO ODEN BOYS အဖွဲ့ဝင်တွေရေးထားတဲ့အခန်းဆက်တွေကိုရောဖတ်ပြီးကြပြီလား?
အားကီရဲ့ ကြွက်သားတို့ ပရိုတင်းတို့
ဖက်တီးရဲ့ ဝိတ်လျော့နည်းတို့ ဆီများတာတို့
အမျိုးမျိုးနားညည်းနေတာပဲ။အရသာရှိတဲ့ဆိုင်မိတ်ဖက်ပေးရအောင်။
လို့တွေးနေတဲ့မိတ်ဆွေ။
အချစ်ရှိလား?
Kittyရဲ့အခန်းဆက်ကိုဖတ်စေချင်ဆုံးသူတွေကတော့
ဒီလိုလူ!!
တဖတ်သတ်ချစ်နေရတဲ့မိတ်ဆွေတွေကိုဖိတ်ခေါ်ချင်ပါတယ်။
 “သဘောကျတဲ့သူရှိပေမယ့်၊ ဘယ်လိုဆိုင်မျိုးမှာဖိတ်ကျွေးရမလဲမသိဘူး”
“တဖတ်သတ်ချစ်နေတဲ့သူကို ပိုးပန်းချင်တယ်”
“သန့်ရှင်းလှပပြီးအရသာရှိတဲ့ဆိုင်ကိုဖိတ်ပြီး ချစ်ခွင့်ပန်ချင်တယ်”
ချစ်သူနဲ့အတူအမှတ်တရနေ့တွေကိုဖြတ်သန်းချင်တယ်။
“ချစ်သူနဲ့ရက်(၁၀၀)ပြည့်အမှတ်တရညစာအတူတူသွားစားချင်တယ်”
“မင်္ဂလာနှစ်ပတ်လည်နေ့မှာစိတ်ကျေနပ်မှုနှင့်ပျော်ရွှင်မှုတွေရနိုင်မယ့်ဆိုင်ကိုသိချင်တယ်”
“မွေးနေ့မှာ surprise လုပ်ပေးချင်တယ်”
မိန်းကလေးတွေ့ဆုံပွဲတွေလုပ်ပြီးစိတ်ဓာတ်ခွန်အားမြှင့်တင်ချင်တယ်။
“တကူးတကချိန်းထားရတဲ့မိန်းကလေးသူငယ်ချင်းတွေနဲ့တူတူသွားမယ်ဆိုသန့်ရှင်းလှပတဲ့ဆိုင်ကအကောင်းဆုံး”
“မိန်းကလေးတွေကယောက်ျားလေးတွေထပ်ပိုပြီးအသေးစိတ်တယ်။ကိုယ်တိုင်စီစစ်ရွေးချယ်ထားတဲ့ဆိုင်ကိုစိတ်မပျက်ချင်ဘူး”
“မိန်းကလေးတွေပဲပျော်ပါးဖို့ဆိုရင်ဆိုင်အခြေအနေကအရမ်းအရေးကြီးတယ်!”
အဲ့လိုတကိုယ်ကောင်းဆန်စွာပြောဆိုတတ်တဲ့မိတ်ဆွေအားလုံးသေချာနားထောင်။
kittyကနေရာအမျိုးမျိုးကိုပြောပြပေးတော့မှာဆိုတော့စိတ်မပူနဲ့တော့နော်!!
ဒီအခန်းဆက်မှာDateလုပ်ရင်အဆင်ပြေမယ့်ဆိုင်တွေကိုkittyကအကြံပြုပေးပြီးလူကြိုက်များတဲ့အစားအစာတွေကိုလည်းမေးမြန်းစုံစမ်းပေးသွားမှာ!!
Kittyကချစ်သူရှိတဲ့မိတ်ဆွေများအတွက်ထောက်ပံ့ပေးတဲ့သူအလား!!
နောက်ထပ်.
ဒီဟာကနံပါတ်(၁)အရေးကြီးဆုံးရှင့်!
သဘောကောင်းရုပ်ချောတဲ့သူတွေ့ရင်လည်းမိတ်ဆက်ပေးဖို့မမေ့ကြနဲ့နော်!!!
ဒါဆိုရင်တော့နောက်အပတ်ဘယ်လိုအခန်းဆက်အကြောင်းဖြစ်မလဲဆိုတာကိုစောင့်မျှော်ပေးပါအုံးနော်!!
About the author
kitty
မဂၤလာပါ !!!
TOKYO ODEN BOYS က ခစ္တီပါ။
ဂျပန်နိုင်ငံမှာမိန်းကလေးဟာသလူရွှင်တော်အဖြစ်အနုပညာလှုပ်ရှားတွေလုပ်ဆောင်ခဲ့ပါတယ်။ ၃၀ကျော် အပျိုကြီးပါ! မြန်မာနိုင်ငံမှာ လူကြိုက်များရေပန်းစားတဲ့ Idol တယောက်ဖြစ်ဖို့ နေ့တိုင်းမြန်မာစာကိုကြိုးစား သင်ယူနေပါတယ်။ ၃၀ကျော်အပျိုကြီးပါ! ကြင်ကြင်နာနာနှင့်မြန်မာစာကိုသင်ကြားပေးမယ့် ခန့်ညားချောမောတဲ့ ချစ်သူကိုရှာဖွေလျက်ရှိပါတယ်။ ကူညီကြပါအုံးရှင့် !
Yathar နှင့်ပူးပေါင်းပြီး တချိန်ချိန်ရလာမယ့်ချစ်သူလေးနှင့်အတူသွားရန်အတွက် dateလုပ်ဖို့အသင့်တော် ဆုံးဆိုင်တွေကို မိတ်ဆက်ပေးသွားချင်ပါတယ်!
အားပေးကြပါအုံးနော် !
kitty
https://www.facebook.com/100016419634918
TOKYO ODEN BOYS
https://www.facebook.com/TOKYO.ODEN.BOYS/
MNTV Happy Japan
https://m.facebook.com/HappyJapanonMNTV/