အဲ့ဒါကတော့
မစ္စAbe akieနှင့်အတူ။
ခေါင်းစဉ်က
[Unicode][အခန်းဆက်]လူကြိုက်များသူတစ်ယောက်ဖြစ်ချင်တယ်။
yathar Magazine စာဖတ်ပရိသတ်များ တွေ့ရတာဝမ်းသာပါတယ်!
မြန်မာနိုင်ငံ၏ဖျော်ဖြေတင်ဆက်သူ အရှည်ကြီး လို့ခေါ်ပါတယ်။
ယခုအစီအစဉ်တွင်အတူတူအခန်းဆက်ကိုရေးသားဖော်ပြနေသောမျက်မှန်ဆူရှီနှင့်ဖက်တီးနင်ဂျာတို့နှင့်အတူတိုက်ဂါးစုလို့အမည်ရှိတဲ့ဟာသလူရွှင်တော်အဖွဲ့ဝင်အဖြစ်အနုပညာလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပါတယ်။
စကားမစပ်အရှည်ကြီးဆိုတာမြန်မာစာလို“ရှည်သော”လို့အဓိပ္ပာယ်ရပါတယ်။ကျွန်တော့်အရပ်ကမရှည်ပေမယ့်၊ကျွန်တော့ရဲ့အနုပညာလှုပ်ရှားမှုကိုရှည်လျားစွာလျှောက်လှမ်းချင်တယ်ဆိုတာကိုဆန္ဒပြုပြီးခေါ်တွင်ခဲ့တာပါ။
ဂျပန်မှာအနုပညာကိုကျယ်ကျယ်ပြန့်ပြန့်မလုပ်ခဲ့ရပါဘူး။
ဖျော်ဖြေတင်ဆက်မှုကို(၁)လလျှင်(၂)ကြိမ်သာလုပ်ခဲ့ရပြီးလုပ်ခလစာလည်းမရရှိခဲ့ပါဘူး။
အချိန်ပိုင်းအလုပ်ကိုလုပ်ကိုင်ရင်းဘဝကိုဖြတ်သန်းပြီးအကြွေးပတ်လည်ဝိုင်းခဲ့ရပါတယ်။
ဘဝကိုခက်ခဲ့ပင်ပန်းခဲ့ရပါတယ်။
အဲ့လိုမျိုးအချိန်တွေကိုနေ့ရက်များစွာဖြတ်သန်းနေရင်းလွန်ခဲ့သော(၁)နှစ်ခန့်အချိန်၊
အတူတူမြန်မာနိုင်ငံကိုသွားမလား?
လုံးဝမျှော်လင့်မထားတဲ့စကားကိုမျက်မှန်ဆူရှီဆီကကြားခဲ့ရတယ်။ကျွန်တော်ကလက်ရှိအချိန်ထိဘဝမှာတစ်ကြိမ်တစ်ခါမှဂျပန်နိုင်ငံကနေဘယ်မှမသွားခဲ့ဘူး။ဒါကြောင့်တွေဝေခြင်းမရှိဘူးလို့တော့မပြောပါဘူး။ဒါပေမယ့်စိတ်ထဲမှာတော့ချက်ချင်းဆိုသလိုဆုံးဖြတ်နိုင်ခဲ့ပါတယ်။
ဘာလို့လဲဆိုရင် ကျွန်တော်က
လူကြိုက်များသူတစ်ယောက်ဖြစ်ချင်လို့ပါ။
အထက်တန်းကျောင်းသားဘဝတုန်းကအတန်းဖော်တွေရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရတယ်။တချိန်ချိန်မှာဖျော်ဖြေတင်ဆက်သူအဖြစ်သူတို့ရဲ့အမြင်တွေကိုပြောင်းလဲပြစ်ဖို့စိတ်အားထက်သန်ခဲ့တဲ့အတွက်အထက်တန်းအောင်မြင်ပြီးတာနဲ့တိုကျိုNSCကျောင်းကိုတက်ရောက်ဖြစ်ခဲ့တယ်(မျက်နှာသစ်အနုပညာရှင်များကိုမွေးထုတ်ပေးသောကျောင်း)။ ကျောင်းပြီးလို့(၁၂)နှစ်အကြာ။
ကျွန်တော်ကမြန်မာနိုင်ငံတွင်ရောက်ရှိနေပါတယ်။
ဒါကြောင့်ကျွန်တော်ကလူကြိုက်များသူဖြစ်ဖို့လွန်ခဲ့သော(၁)နှစ်မြန်မာနိုင်ငံကိုပြောင်းရွှေ့နေထိုင်ချိန်မှစပြီးစေ့စေ့စပ်စပ်စတင်လှုပ်ရှားခဲ့ပါတယ်။
အဲ့ဒါကတော့
လူအများချစ်ခင်နှစ်သက်သောလူကြိုက်များသူဖြစ်လာစေရန်အကူအညီများယူရင်း
ဂျပန်မြန်မာ၏စတားMorisaki Winနှင့်မြန်မာနိုင်ငံ၏နာမည်ကြီးမင်းသမီးဝတ်မှုန်ရွှေရည်တို့နှင့်အတူလှုပ်ရှားမှု။
မြန်မာနိုင်ငံမှာအနုပညာလှုပ်ရှားမှုများစွာလုပ်နေသောအဆိုတော်Suwa Junkoနှင့်အတူလှုပ်ရှားလုပ်ကိုင်မှု။
မစ္စAbe akieနှင့်အတူ။
ဝန်ကြီးချုပ်Abeနှင့်အတူreiwaနှစ်သစ်ကိုဂုဏ်ပြုကြိုဆိုခဲ့ပုံ။
အွန်း? ဝန်ကြီးချုပ်Abe??
အဲ့ဒါကြောင့်ကျွန်တော်အရှည်ကြီးကလူကြိုက်များသဘောတွေ့စေမယ့်အရာကိုဒီမီဒီယာမှတဆင့်ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ခေါင်းစဉ်က
ယခုအာရုံစိုက်ခြင်းခံနေရတဲ့စားသောက်ဆိုင်လူကြိုက်များလာခြင်းနည်းဗျူဟာ!
လူကြိုက်များသောစားသောက်ဆိုင်မှာအရသာရှိရှိစားနိုင်ခဲ့တဲ့
ကျွန်တော်ကလူကြိုက်များသူတစ်ယောက်ဖြစ်လာမယ်။
အ! အရေးကြီးတာကိုမေ့နေခဲ့တယ်။အဲ့လိုလူကြိုက်များတဲ့စားသောက်ဆိုင်ကိုမိတ်ဆွေများအတွက်ဒီနေရာမှတဆင့်မိတ်ဆက်ပေးသွားမှာဖြစ်တာကြောင့်စောင့်မျှော်ဖတ်ရှုပေးပါအုံးလို့!