ဆေးလိပ်သောက်ခြင်းကြောင့် Covid-19 မဖြစ်စေပါဘူး။ ဒါဆို ဘာ့ကြောင့် Covid-19 ဖြစ်လွယ်စေတာလဲ။
လက်ကြောင့်???
ဟုတ်ပါတယ် လက်ကြောင့်ပါ။
ဆေးကြောထားခြင်းမရှိတဲ့ လက်နဲ့ ဆေးလိပ်ကိုကိုင်ပြီး သောက်တာကြောင့် ဆေးလိပ်က တစ်ဆင့်ဖြစ်စေ လက်နှင့် တိုက်ရိုက်ဖြစ်စေ ပါးစပ်ကိုထိတာကြောင့် လက်မှာ ကပ်နေတဲ့ Covid-19 ပိုးက ပါးစပ်က တစ်ဆင့်လည်ချောင်းထဲဝင်စေလို့ပါ။
ဆေးလိပ်တင်မကပါဘူး။ ရှီရှားရှူတဲ့အခါ မျှဝေသုံးစွဲခြင်းကြောင့်လည်း လူများအား Virus ပိုးကူးစက်စေနိုင်ပါတယ်။
“တိုဗာကို” ကလည်း အသက်ရှူလမ်းကြောင်းကို အားနည်းစေပြီး Virus ဝင်ရောက်မှုကို ပိုမိုလွယ်ကူစေပါတယ်။
ဒီအကြောင်းအရာက WHO ( World Health Organization) က ထုတ်ပြန်ထားတဲ့ တရားဝင် အကြောင်းအရာဖြစ်ပါတယ်။
ဒါ့ကြောင့် အိမ်မှာနေပါ၊ တတ်နိုင်သမျှဆေးလိပ်လျော့သောက်ပါ။ ဆေးလိပ်သောက်လျှင်လည်း လက်ကို သေချာဆေးပါ။
[…] ဆေးလိပ်သောက်ခြင်းက Covid-19 ဖြစ်စေတာလား […]