လမ်းကြောင်းသစ်

ချဉ်ချဉ်စပ်စပ်လေးကို မိုးအေးအေးမှာ စားကြမယ်

တော်ရုံထမင်းစားလို့ မကောင်းရင်တောင် ချဉ်ချဉ်စပ်စပ်လေးစားလိုက်ရရင် ထမင်းပိုစားဝင်တဲ့အပြင် ခံတွင်းလည်းရှင်းတယ်နော်။ ကြက်သားပြုတ်လေးကို ချဉ်ချဉ်လေးနဲ့ဆိုတော့ ပိုပြီးခံတွင်းရှင်းနေပြီ။

ခံတွင်းမြိန်စေမယ့် ကြက်သားချဉ်စပ်ပြုတ်လေး ဘယ်လိုလုပ်မလဲ?

ပါဝင်ပစ္စည်းများ
ကြက်ပြုတ်ရည်  – ၂ ခွက်
ရေ                   – ၂ ခွက်
ကြက်သွန်နီ       – ၂ လုံး ( ပါးပါးလှီးထားပါ )
စပါးလင်            – ၂ ချောင်း ( ပါးပါးလှီးထားပါ )
ရှောက်ရွက်        – ၄ ရွက် ( ပါးပါးလှီးထားပါ )
ငရုပ်သီး            – ၂ တောင့် ( ပါးပါးလှီးထားပါ )
ဂျင်း                  – ၁ လက်မခန့် ( ပါးပါးလှီးထားပါ )
ကြက်ရင်ပုံ  
သံပုရာရည်        – စားပွဲတင်ဇွန်း ၂ ဇွန်း
ငါးငံပြာရည်        – စားပွဲတင်ဇွန်း ၁ ဇွန်း
သကြားညို         – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Chili Oil            – အနည်းငယ်
နံနံပင်                – အနည်းငယ်

ပြုလုပ်နည်း
ကြက်ပြုတ်ရည်၊ ရေ၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ စပါးလင်၊ ငရုပ်သီး၊ ဂျင်း၊ ကြက်ရင်ပုံတို့ကို တစ်ခါတည်းထည့်ပြီး ဆူတဲ့အထိ တည်ထားပါ။ ပြီးလျှင် မီးလျော့ပြီး ၁၅-၂၀ မိနစ်ခန့်  ကြက်သားနူးတဲ့အထိ ပြုတ်ထားပါ။ ကြက်သားကို အရည်ထဲကဆယ်ပြီး အသားနွှာထားပါ။ 

ကြက်ပြုတ်ရည်ထဲကို သံပုရာရည်၊ ငါးငံပြာရည်၊ သကြားထည့်ပြီး ချိုချဉ်စပ်အရသာမျှတအောင် လုပ်ပါ။

ပြီးလျှင် နံနံပင်လေးအပေါ်ကနေထည့်ပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။