ဆေးစာ

ပုဇြန္ ထမင္းေၾကာ္

အိမ္မွာ အလြယ္တကူ ေၾကာ္စားလို႔ အဆင္ေျပၿပီး ပူပူေႏြးေႏြး အနံ႔ေမႊးေမႊးေလးနဲ႔ ကေလးလူႀကီး အားလုံးႀကိဳက္လို မၾကာခဏ ေၾကာ္ေကြၽး ျဖစ္တဲ့ ထမင္းေၾကာ္ေလးပါ။

ပါဝင္ပစၥည္းမ်ား
ပုဇြန္က်ား အ႐ြယ္ေတာ္ – ၁၀ က်ပ္သား (၂၀) ေကာင္ခန႔္
ေပၚဆန္းေမႊးဆန္ – ၁ ဗူး (ႏို႔ဆီဗူး)
ဆီ – ၄ ဇြန္း (ဟင္းစားဇြန္း)
ပဲ ငံျပာရည္ အၾကည္ – ၃ ဇြန္း (ဟင္းစားဇြန္း)
ခ႐ုဆီ – ၃ ဇြန္း (ဟင္းစားဇြန္း)
တ႐ုတ္ မဆလာ – အနည္းငယ္
င႐ုတ္ ေကာင္းမႈန႔္ – အနည္းငယ္
ၾကက္သြန္ျဖဴ – ၃ တက္ (ေသးေသးစဥ္းထားပါ)
ခါက်က္ဥ – အနည္းငယ္ (အတုံးေသးတုံးထားပါ)
ေျပာင္းဖူး – အနည္းငယ္ (အတုံးေသးတုံးထားပါ)
ပဲစိမ္းလုံး – အနည္းငယ္ (အတုံးေသးတုံးထားပါ)
Baby Corn – အနည္းငယ္ (အတုံးေသးတုံးထားပါ)
ဆီ – ၃ ဇြန္း
ၾကက္ဥ – ၂ လုံး
CP ၾကက္အူေခ်ာင္း – ၁ ခု (အတုံးေသးတုံးထားပါ)
ပဲငံျပာရည္ အၾကည္ – ၁ ဇြန္း

ျပဳလုပ္နည္း
ပုဇြန္ မ်ားကို ေခါင္းျဖဳတ္ ၊ အခြံသင္ ၊ ေက်ာခြဲ သန႔္စင္ၿပီး ၄ – ၅ ေကာင္ခန႔္ ခ်န္၍ ေသးေသးစဥ္းကာ ပဲငံျပာရည္ အၾကည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း ျဖင့္နယ္ထားပါ ။
ေပၚဆန္းေမႊး ဆန္ ႏို႔ဆီဗူး ၁ ဗူး ကို အရမ္း မေပ်ာ့ေအာင္ ခ်က္ၿပီး ဗန္းတစ္ခု ထဲမွာ ျဖန႔္ၿပီး အေအး ခံထားပါ ။
ဒယ္ထဲဆီ ၃ ဇြန္း ထည့္ၿပီး ဆီပူလာလွ်င္ ေသးေသးစဥ္း ထားေသာ ၾကက္သြန္ျဖဴ ထည့္၍ ခနေမႊထားေပးပါ ။
အနံ ေမႊးလာၿပီဆိုလွ်င္ ပုဇြန္ေလးေတြ ႏွင့္ ၾကက္အူေခ်ာင္းထည့္ ေမႊေပးပါ ။
တ႐ုတ္ မဆလာ အနည္းငယ္ ထပ္ထည့္ကာ ပုဇြန္ေလးမ်ား အေရာင္ေျပာင္း နီလာၿပီဆိုလွ်င္ အေအး ခံထားေသာ ထမင္းထည့္ပါ ။
ပဲငံျပာရည္ ၊ ခ႐ုဆီ ၊ ေရေအးစိမ္ၿပီး ေရစစ္ထားေသာ အသီးမ်ား ထည့္ေမႊၿပီး ၾကက္ဥ ထပ္ထည့္ကာ သမေအာင္ ေမႊေၾကာ္ေပးပါ ။
ခဏၾကာလွ်င္ အရသာ အေပါ့အငံ စိတ္ႀကိဳက္ျပင္ၿပီး င႐ုတ္ေကာင္း ၊ ၾကက္သြန္ၿမိတ္ေလး ျဖဴးၿပီး စားလို႔ ရပါၿပီရွင္ ။

Unicode

ပုဇွန် ထမင်းကြော်

အိမ်မှာ အလွယ်တကူ ကြော်စားလို့ အဆင်ပြေပြီး ပူပူနွေးနွေး အနံ့မွှေးမွှေးလေးနဲ့ ကလေးလူကြီး အားလုံးကြိုက်လို မကြာခဏ ကြော်ကျွေး ဖြစ်တဲ့ ထမင်းကြော်လေးပါ။

ပါဝင်ပစ္စည်းမျာ
ပုဇွန်ကျား အရွယ်တော် – ၁၀ ကျပ်သား (၂၀) ကောင်ခန့်
ပေါ်ဆန်းမွှေးဆန် – ၁ ဗူး (နို့ဆီဗူး)
ဆီ – ၄ ဇွန်း (ဟင်းစားဇွန်း)
ပဲ ငံပြာရည် အကြည် – ၃ ဇွန်း (ဟင်းစားဇွန်း)
ခရုဆီ – ၃ ဇွန်း (ဟင်းစားဇွန်း)
တရုတ် မဆလာ – အနည်းငယ်
ငရုတ် ကောင်းမှုန့် – အနည်းငယ်
ကြက်သွန်ဖြူ – ၃ တက် (သေးသေးစဉ်းထားပါ)
ခါကျက်ဥ – အနည်းငယ် (အတုံးသေးတုံးထားပါ)
ပြောင်းဖူး – အနည်းငယ် (အတုံးသေးတုံးထားပါ)
ပဲစိမ်းလုံး – အနည်းငယ် (အတုံးသေးတုံးထားပါ)
Baby Corn – အနည်းငယ် (အတုံးသေးတုံးထားပါ)
ဆီ – ၃ ဇွန်း
ကြက်ဥ – ၂ လုံး
CP ကြက်အူချောင်း – ၁ ခု (အတုံးသေးတုံးထားပါ)
ပဲငံပြာရည် အကြည် – ၁ ဇွန်း

ပြုလုပ်နည်း
ပုဇွန် များကို ခေါင်းဖြုတ် ၊ အခွံသင် ၊ ကျောခွဲ သန့်စင်ပြီး ၄ – ၅ ကောင်ခန့် ချန်၍ သေးသေးစဉ်းကာ ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဖြင့်နယ်ထားပါ ။
ပေါ်ဆန်းမွှေး ဆန် နို့ဆီဗူး ၁ ဗူး ကို အရမ်း မပျော့အောင် ချက်ပြီး ဗန်းတစ်ခု ထဲမှာ ဖြန့်ပြီး အအေး ခံထားပါ ။
ဒယ်ထဲဆီ ၃ ဇွန်း ထည့်ပြီး ဆီပူလာလျှင် သေးသေးစဉ်း ထားသော ကြက်သွန်ဖြူ ထည့်၍ ခနမွှေထားပေးပါ ။
အနံ မွှေးလာပြီဆိုလျှင် ပုဇွန်လေးတွေ နှင့် ကြက်အူချောင်းထည့် မွှေပေးပါ ။
တရုတ် မဆလာ အနည်းငယ် ထပ်ထည့်ကာ ပုဇွန်လေးများ အရောင်ပြောင်း နီလာပြီဆိုလျှင် အအေး ခံထားသော ထမင်းထည့်ပါ ။
ပဲငံပြာရည် ၊ ခရုဆီ ၊ ရေအေးစိမ်ပြီး ရေစစ်ထားသော အသီးများ ထည့်မွှေပြီး ကြက်ဥ ထပ်ထည့်ကာ သမအောင် မွှေကြော်ပေးပါ ။
ခဏကြာလျှင် အရသာ အပေါ့အငံ စိတ်ကြိုက်ပြင်ပြီး ငရုတ်ကောင်း ၊ ကြက်သွန်မြိတ်လေး ဖြူးပြီး စားလို့ ရပါပြီရှင် ။