ပိတ်ရက်တွေဆို ကလေးတွေကို ပိုပြီးအချိန်ပေးဖြစ်ကြတဲ့ မေမေတို့အတွက် ကလေးလေးတွေကြိုက်တတ်တဲ့ မုန့်လုပ်နည်းတစ်မျိုးပြောပြမလို့။ ကလေးတွေအတွက် ကျန်းမာရေးနဲ့လည်းညီညွတ်ရမယ်။ မေမေကိုယ်တိုင်လုပ်ပေးတဲ့မုန့်လောက် ကျန်းမာရေးနဲ့ညီညွတ်တာမျိုးမရှိဘူးနော်။ကလေးလေးတွေကြိုက်တတ်တဲ့ chicken nuggets လုပ်နည်းလေး ပြောပြမယ်။
ပါဝင်ပစ္စည်းများ
all purpose flour – ခွက် တစ်ဝက်
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားကို အရိုးရော အရေခွံပါမပါတဲ့ အသားချည်းပဲ ၂ တုံး
ပေါင်မုန့်ခြောက် အနည်းငယ်
ကြက်ဥ
ဟင်းသီးဟင်းရွက်ဆီ
ငရုပ်ကောင်းမှုန့်
ပြုလုပ်နည်း
all-purpose flour နဲ့ ကြက်သွန်ဖြူမှုန့်၊ ငရုပ်ကောင်းမှုန့်၊ ဆားတို့ကို ရောပြီး အိတ်တစ်အိတ်ထဲမှာ မွှေပါ။ ပြီးလျှင် ထိုအိတ်ထဲကို ကြက်သားကိုထည့်ပြီး နယ်ပါ။ ပြီးလျှင် ဆား၊ ငရုပ်ကောင်းမှုန့်တို့နှင့် ရောနယ်ထားသော ပေါင်မုန့်ခြောက်မှုန့်ထဲသို့ ကြက်သားကိုထည့်ပါ။
ကြက်ဥကို ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးမွှေပေးပါ။ ပြီးလျှင် ကြက်သားတုံးလေးကိုအိတ်ထဲကထုတ်ပြီး ကြက်ဥမွှေထားတဲ့အထဲနှစ်လိုက်ပါ။ ပြီးလျှင်ပေါင်မုန့်ခြောက်ထဲ ပြန်ထည့်ပြီး ပေါင်မုန့်ခြောက်လေးတွေ ကပ်ပေးပါ။
ဆီများများထည့်ပြီး ဆီပူအောင်ထားပါ။ ပြီးလျှင် ကြက်သားတုံးလေးတွေကိုထည့်ပြီး ကြော်ပါ။ ကြက်သားတုံးလေးတွေရဲ့ အရောင်အနေတော်ဆို ကြက်သားတုံးလေးတွေကို ဆယ်ပြီး အနည်းငယ်အေးအောင်ထားပါ။ အားလုံးပြီးလျှင် ကလေးလေးတွေ ကြိုက်တဲ့ chicken nuggets လေးတွေရပါပြီ။