ဆေးစာ

အရမ်းမွှေးပြီးစားလို့ကောင်းတဲ့ ကြက်ပင်စိမ်းချက် ချက်ပြုတ်နည်း

ဒီလိုဟင်းမျိုးလေးချက်စားရင်တော်ရုံ ထမင်းမစားနိုင်တဲ့သူတောင် အနံ့မွှေးမွှေးလေးနဲ့ ကြက်ပင်စိမ်းလေးကို စားရင် ထမင်းမြိန်မှာ ကျိန်းသေပါတယ်နော်။

ကြက်ပင်စိမ်းချက်နည်းရဲ့ ပါဝင်ပစ္စည်းတွေက

ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
ပဲပိစပ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သားပြုတ်ထားတာသို့မဟုတ် ပေါင်းထားသော ကြက်သား
ကြက်သွန်နီ ၁ လုံး
ကြက်သွန်ဖြူ ၄ မွှာ
ငရုပ်သီးစိမ်း စားပွဲတင်ဇွန်း ၂ ဇွန်း
ပင်စိမ်း အနည်းငယ်
ထမင်း

ပြုလုပ်နည်း

၁ ငါးငံပြာရည်၊ ခရုဆီ၊ ပဲငံပြာရည်၊ သကြားဖြူ၊ သကြားညို အားလုံးကိုရောပြီး သေချာမွှေထားပေးပါ။

၂ ဆီထည့်ပြီး နုတ်နုတ်စင်းထားတဲ့ကြက်သားကိုထည့်ပြီး ကျက်လာတဲ့အထိ ချက်ပေးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးတို့ကိုရောမွှေပါ။ ပြီးလျှင် နံပါတ် ၁ မှာ ပြုလုပ်ထားတဲ့ sauce ကို ကြက်သားချက်ထားတဲ့ အိုးထဲထည့်ပေးပါ။ အိုးထဲက အရည်တွေအားလုံး အိုးအောက်ခြေနားကပ်ခါနီးအထိ အပူပေးထားပါ။ လိုအပ်လျှင် နံပါတ် ၁ မှာ ပြုလုပ်ထားတဲ့အရည်ကိုထပ်ထည့်ပြီး ဟင်းက စေးစေးလေးဖြစ်တဲ့အထိ အနည်းငယ်ကို ထပ်ထည့်ပါ။

ပင်စိမ်းရွက်လေးတွေကို လှီးထားပါ။ လှီးထားတဲ့ ပင်စိမ်းရွက်လေးတွေကို ကြက်သားချက်ထားတဲ့အိုးထဲ ထည့်ပေးပါ။ အားလုံးပြီးလျှင် အနံ့အရသာနှင့်ပြည့်စုံတဲ့ ကြက်ပင်စိမ်းဟင်းလေး ရပါပြီ။

အခုလိုမျိုးဟင်းချက်နည်းလေးတွေကို တင်ပေးဦးမှာဖြစ်လို့ ဘယ်ဟင်းချက်နည်းလေးတွေ သိချင်လဲဆိုတာ မေးထားလိုက်ဦးနော်။