ကျန်းမာ & အလှအပ

A to E နဲ့ Stay Home လုပ်ရင်း ကာကွယ်ကြစို့

အခုလက်တလော ဖြစ်ပွားနေတဲ့ Covid-19 ကို ဘာတွေစားရင်း ကာကွယ်လို့ ရနိုင်မလဲ။Covid-19 ဟာ အဆုတ်ရောင် ရောဂါ လက္ခဏာမျိုးမို့လို့ အဆုတ်အားကောင်းပြီး ကိုယ်ခံအားလည်း ကောင်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် A to E စားပေးဖို့ လိုအပ်ပါတယ်။A to E ဆိုတာက Vitamin A, Vitamin B, Vitamin C & E အပြင် Vitamin D တို့ဖြစ်ပါတယ်။Vitamin A to E မှာ ပါဝင်တဲ့ ဓါတ်တွေက ဝင်ရောက်လာတဲ့ ရောဂါပိုးကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဒါ့ကြောင့် Vitamin A to E မှာ ဘာတွေပါဝင်လဲဆိုတာ ကြည့်လိုက်ကြရအောင်….

Vitamin A အုပ်စုမှာ ဘာတွေပါလဲ
Vitamin A က အရေပြားပေါ်ရှိ ဆဲလ်တွေ၊ အသက်ရှူလမ်းကြောင်းနဲ့ အူလမ်းကြောင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ Vitamin A က ခန္ဓာကိုယ်အတွက် အတားအဆီးတစ်ခုဖြစ်ပြီးတော့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတာတွေရဲ့ ပထမဆုံး အကာကွယ်ဖြစ်ပါတယ်။ 

Vitamin A ကို ဆယ်လ်မွန်ငါးလို အဆီများတဲ့ ငါးတွေ၊ ကြက်ဥ အနှစ်၊ cheese ၊ တို့ဖူး ၊ ပဲအမျိုးမျိုး နှင့် အစေ့ တွေမှာ တွေ့ရတတ်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အဝါရောင်ရှိတဲ့ ရွှေဖရုံသီးနှင့် လိမ္မော်ရောင်ရှိတဲ့ မုန်လာဥနီတို့မှာ Vitamin A ဓါတ်ပါဝင်ပါတယ်။

Vitamin B အုပ်စုမှာရော ဘာတွေပါလဲ ဘာတွေစားသင့်လဲ
Vitamin B မှာ B6, B9 နှင့် B12 ဆိုပြီး အုပ်စု ၃ မျိုးခွဲခြားနိုင်ပြီး သူတို့က ခန္ဓာကိုယ်ရဲ့ ပထမဆုံး တုံ့ပြန်မှုကို အထောက်အကူပြုပါတယ်။ Vitamin B က ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ မကောင်းတဲ့အရာတွေကို တိုက်ဖျက်ပေးပါတယ်။ 
Vitamin B6, B9 နှင့် B12 တို့ကို အစိမ်းရောင်အရွက်များ၊ ပဲများ၊ သစ်သီးများ၊ အခွံမာသီးများ၊ ငါး၊ ကြက်သား၊ နို့ထွက်ပစ္စည်းများနှင့် အသားတို့တွင် တွေ့နိုင်ပါတယ်။

Vitamin C and E ဓါတ်တွေရဖို့ရော ဘာတွေစားသင့်လဲ
Vitamin C and E ရဲ့ ဓါတ်တွေက ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ဖျက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကို ကာကွယ်ပေးပါတယ်။ 
Vitamin C ဓါတ်ပါဝင်တဲ့ အစားအစာတွေက လိမ္မော်သီး၊ သံပုရာသီး၊ သံပရိုသီး၊ berries သီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး တို့ဖြစ်ပါတယ်။
Vitamin E ဓါတ်ပါဝင်တဲ့ အစားအစာတွေက ပဲများ၊ အစိမ်းရောင်အရွက်ရှိတဲ့ ဟင်းသီးဟင်းရွက်များနှင့် ဟင်းသီးဟင်းရွက်ဆီတို့ ဖြစ်ပါတယ်။

Vitamin D ဓါတ်ပါဝင်တဲ့ အစားအစာတွေက ဘာတွေလဲ
တစ်ချို့ ကိုယ်ခံအားတွေက Vitamin D ဓါတ်ကို လိုအပ်ပါတယ်။  နေရောင်ခြည်နဲ့ ထိတွေ့စေခြင်းက ခန္ဓာကိုယ်အတွက် Vitamin D ဓါတ်ကို ထုတ်ပေးသော်လည်း ကြက်ဥ၊ ငါး၊ နို့များနှင့် Vitamin D ဓါတ်ပိုမိုပါဝင်တဲ့ margarine brands တွေကို စားသုံးပေးမယ်ဆိုရင်တော့ Vitamin D ဓါတ်ကို ရရှိမှာဖြစ်ပါတယ်။

အခုဆိုရင် Covid-19 ကို ကာကွယ်ဖို့ ကိုယ်ခံအားကောင်းစေတဲ့ A to E ကိုလည်း သိပြီးပြီဆိုတော့ တခြားသူတွေလည်း ကာကွယ်နိုင်ဖို့အတွက် အချင်းချင်း လက်ဆင့်ကမ်းပြီး share လုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်ကြပါစို့။