၁။ နို့ ၊ နို့ထွက်ပစ္စည်း
၂။ အခွံမာသီး
၎။ ပင်လယ်စာများ
၅။ အစေ့အဆံများ
၆။ ပဲနံ့သာစေ့
၇။ အသားများ
၈။ အသီးအနှံ
- Booking လုပ်နည်း – https://youtu.be/y9Qirlq-6D4?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o
- Discount Coupon အသုံးပြုနည်း – https://youtu.be/hWifk6dF2qw?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o
သဘာဝ အတိုင်း ကိတ်ကြမယ်
၁။ နို့ ၊ နို့ထွက်ပစ္စည်း
နို့မှာ ပါ၀င်တဲ့ ပရိုတင်းနဲ့ ဟိုမုန်း တွေက အင်စရိုဂျင် ကို အားကောင်းစေသည့် အတွက် ရင်သားကို တင်းရင်းစေပါတယ်။ အထူးသဖြင့် ပရိုတင်းပိုမိုပါ၀င်တဲ့ ပဲနို့ ကို နေ့စဉ် သောက်သုံးခြင်းဖြစ် ရင်သားကို ကြီးထွားစေသည့် အပြင် တင်းရင်းလှပ လာစေမှာပါ။
၂။ အခွံမာသီး
သင်၏ ရင်သားကို အမှန်တကယ် ကြီးထွားစေချင် ရင် တနေ့တာ ရဲ့ အစားအသောက်ထဲတွင် မြေပဲ၊ သီဟိုစေ့ စသည့် အခွံမာအစေ့အဆံတွေ ကို ထည့်သွင်းစားသုံးပေးပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အခွံမာ အစေ့အဆံတွေ ဟာ သင့် နှလုံး နှင့် ဦးနှောက် ကို ကျန်းမာစေသည့် အတွက် ကျန်းမာရေးနှင့် ညီညွတ်ပါတယ်။
၃။ အစိမ်းရောင်အသီးအရွက်
အာဟာရတန်ဖိုး မြင့်မားစွာပါ၀င်တဲ့ အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေဟာ ကိုလက်စရော ကို ကျစေတဲ့အပြင် အသားအရေ ကြည်လင်အောင် အကျိုးပြုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါ၀င်တဲ့ ဟင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း စတဲ့ ဟင်းရွက် တွေကို စားသုံးပေးခြင်းဖြစ် ပျိုမေတို့ ရဲ့ ရင်သား တစုံ ကို ပုံစံတကျ တင်းရင်း လှပနေစေမှာ ပါ။
၄။ ပင်လယ်စာများ
ပုဇွန်၊ကမာ၊ခရုနဲ့ ရေညှိ စတဲ့ ပင်လယ်စာတွေက လိင်ပိုင်းဆိုင်ရာ ဟိုမုန်းတွေ ကို တိုးမြင့်စေတဲ့ အတွက် နေ့စဉ်ပုံမှန်စား သုံးပေးရင် က္ကတ္ထိယ တို့ရဲ့ ရင်ခွင်တစုံဟာ အံအားသင့်ဖွယ် ဖွံထွား လာမှာပါ။
ပင်လယ်စာ ကြိုက်တတ်တဲ့ သူတွေ ဒီ စာကို မြင်ရင်ပိုစားချင်လာလိမ့်မယ်။
၅။ အစေ့အဆံများ
Cap A လောက်ဖြစ်လို့ စိတ်ညစ်နေရင် နေကြာစေ့လေးစား၊ ဗန်ဒါစေ့ရော၊ ဖရုံစေ့ပါ ကြိုက်တတ်လိုက်ပါ။
အင်စရိုဂျင်ဆိုတဲ့ အသားရည်တင်းရင်း စေတဲ့ ဓာတ်၊ ကြီးထွားစေတတ်တဲ့ ပရိုတင်း ဓာတ်တွေ က အစေ့အဆံ ထဲမှာ အများဆုံးကိုပါတယ်။
၆။ ပဲနံ့သာစေ့
မြန်မာနိုင်ငံမှာ လူသုံးနည်းပေမဲ့ အနောက်နိုင်ငံနဲ့ အာရှတိုက်မှာတော့ ဆေးဖော်တဲ့နေရာအထိ အသုံးပြုကြတယ်။ ပဲနံ့သာစေ့ ရဲ့ ထူးခြားတဲ့ အာနိသင်က ကိုယ်အလေးချိန်ကို လျော့ချ ပေးတဲ့ အပြင် ဆံနွယ်တွေ ကိုလည်း ကျန်းမာသန်စွမ်းစေတယ်။ အစာအိမ် အတွက် အကျိုးပြုရုံတင်မကပါ၀ူး အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း နှင့် သွေးဆုံး ခြင်း တို့ကို လျော့နည်းအောင် အထောက်အကူ ပေးနိုင်တဲ့ ဆေးဝါး တွေဖော်စပ်ရမှာလည်း အသုံးပြုကြတယ်။ အစေ့ကို ကြိတ်ပီးထုတ် ထားတဲ့ Herbal Oil ကို ရင်သားကို လူးပြီး နှိပ်နှယ်ပေးချင်း ဖြင့် ရင်သားကို ကောင်းမွန်တဲ့ ရင်သားတစုံ အဖြစ် ထိန်းသိမ်းနိုင်ပါတယ်။
၇။ အသားများ
အသားတွေမှာ ပါတဲ့ ပရိုတင်းဟာ လည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်စရိုဂျင်ကို မြင့်တင်နိုင်စွမ်းရှိပါတယ်။ ကြက်သားဟာ ခန္ဓာကိုယ်အတွက် အလျင်မြန် အားဖြစ်စေ ပီး ရွှေရင်စုံကို အသားဖြစ်စေပါတယ်။
၈။ အသီးအနှံ
အသီးအနှံတွေဟာ လူသားတွေ ရဲ့ အစားအစာ ထဲ က အရေးပါတဲ့ အခန်းဂဏ္ဍ မှာ ပါ၀င်ပါတယ်။
Vitamin C နဲ့ အခြားသော ဓာတ်ပေါင်းတွေ ကြွယ်ဝတဲ့ အသီးအနှံ တွေကို ပုံမှန်စား သုံးချင်း ဖြစ် ခန္ဓာကိုယ်ကို
လန်းဆန်းစေပီး ကျန်းမာစေပါတယ်။ အင်စရိုဂျင် ကြွယ်ဝတဲ့ ဘယ်ရီသီး၊ ဘလူး ဘယ်ရီသီး၊ချယ်ရီသီးတွေဟာဆို ရင် ရင်သားကြီးထွားဖို့ အတွက် လိုအပ်တဲ့ အာဟာရတွေကို ပေးစွမ်းနိုင်ပါတယ်။ ထို အသီးတွေ အစား ပန်းသီး သည် လည်း အာနိသင် အတူတူပဲ ဖြစ်ပါတယ်။
ကဲ. ဒီတပတ်တော့ ကိတ်ချင်ပါတယ်ဆိုတဲ့ ပျိုမေတို့ အတွက် လိုအပ်တဲ့ အစားအသောက်တွေကို.
ပြောပြခဲ့တာပါ. စားလည်း စား၊ လေ့ကျင့်ခန်းလေး လည်းလုပ် ပေး ချင်း ဖြစ် ရင်လည်းတုန် ရင်လည်းခုန်နိုင်ကြပါစေ ရှင်။ အိုးခိုင်မော့…အကိတ်!
- Yathar applicationdownload link(https://s.yathar.com/apps)
- Download Now – https://s.yathar.com/apps
- Booking လုပ်နည်း – https://youtu.be/y9Qirlq-6D4?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o
- Discount Coupon အသုံးပြုနည်း – https://youtu.be/hWifk6dF2qw?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o