နွေရာသီ ရောက်ပြီဆိုတော့ တော်တော်မှ ပူကြ ရဲ့ လား ?
တစ်ချို့က Work From Home ကြတယ်၊ မဖြစ် မနေ အလုပ်သွားရတဲ့ လူ တွေ လည်း ရှိပါ့။
ဒီအချိန် မှာ Covid-19 ဆိုတာ က လည်း ကြောက်စရာကောင်းတဲ့ ကပ်တစ်ခု အနေနဲ့ ပျံ့နှံကူးစက် နေတဲ့ အချိန်ဖြစ်လို့ ကျန်းမာရေး ကို အရမ်း သတိထားနေရမှာ နော်။
အပူချိန် အလွန်များတတ် တဲ့ နွေရဲ့ နောက်ဆက်တွဲ မှာ အပူ ရှပ်တယ် ဆိုတဲ့ သတိမမူ၊ ဂူမမြင် ဖြစ်တတ်တဲ့ နေမကောင်းဖြစ်ခြင်းတစ်မျိုး ရှိတယ်။
အခြား အခြားသော အချိန်ထက် ဒီ အချိန်မှာ ပို သတိထားရမှာ က တစ်ချို့ သော Covid-19 ရဲ့ ရောဂါ လက္ခဏာ တွေက အပူရှပ် တာ နဲ့ သွားဆင်နေတာပဲ။
ချောင်းဆိုးမယ်၊ နှာချေမယ် ၊ လည်ချောင်းတွေ နာမယ်၊ ကိုယ်ပူမယ် အစရှိတဲ့ ရောဂါ လက္ခဏာ နဲ့ တင် ၂၁ ရက် စောင့်ကြည့်ခံ လူနာစာရင်း ထဲ မှာ တစ်မိသားစုလုံး ပါသွားနိုင်တယ်ဆိုတာ သတိလေးကပ်ကြပါ။
ကဲ ဟုတ်ပါပြီ၊ အပူ မရှပ်အောင် ဘယ်လို နေကြမလဲ?
အပြင်က အပူချိန်သိပ်များနေတယ် ၊ အိမ်ပြန် ရောက်ပြီ ဆိုတာ နဲ့ ခြေ၊လက်ဆေးရမယ် သတိပေးချက်တွေ ကလည်း ကိုမြင့်နိုင်ကြီးကြောင့် ထုတ်ထားဆိုတော့ ၊
အရင် လက်ကို Alcohol 75% ရှိတဲ့ Hand Gel နဲ့ အရင် ပိုးလေး သတ်ထား ၊ ၁၀ မိနစ်လောက် အရိပ်အာဝသ ကောင်းကောင်းလေး မှာ အနားခဏယူ၊ ပြီးမှ ခြေလက်ဆေးတာလေး လုပ်ကြပါ နော်။
နောက် တစ်ခု ပူလို၊မောလို ရေသောက်တော့ မယ် ဆိုရင်ဖြစ် ရင်ထဲကို အေးမြသွားမယ့် ရေခဲရေ သွားလုပ်လို့မရပါဘူးနော်၊ ရိုးရိုး ရေသန့် ကိုသာ သောက်သုံးပေးပါ။
ချွေးထွက်လွန်တဲ့ သူ တွေ မှ အပ ဓာတ်ဆားရည် ကို မသောက်ပါနဲ့။
အကောင်းဆုံးက တော့ အိမ်ထဲ မှာ ပဲ နေပါ ၊ အသက်ကို ဥာဏ်စောင့် ပါ။
လက်ဆေးပါ ၊ ၆ ပေ အကွာမှာ နေပါ ၊ Mask တပ်ပါ။
ဒီ ကပ် ကြီး ပြီး ရင် ၊ ဒီ လက်တွေ ပြန်တွဲ ပြီး ၊ ဒီ ကမ္ဘာမြေကြီး တစ်ဖန် ပြန်လန်းဆန်းလာမှာပါ။