Life Style

အသဲကွဲနေလား…?

ကွဲနေတဲ့ အသဲကို အစားအစားနဲ့ကုစားမယ်?

အသဲကွဲနေပြီဆို ဘာတွေစားလိုက်ရင် စိတ်နဲနဲသက်သာရာရမလဲဆိုတာ ပြောပြပေးမယ်နော်…

၁။ စိတ်ထဲပေါ့ပေါ့ပါးပါးပဲတွေးပြီး စားလိုက်လို့ရတဲ့အစာတွေ
ဥပမာပြောရမယ်ဆိုရင် ခေါက်ဆွဲပြုတ်ပူပူလေးလိုမျိုးပေါ့…ကိုယ်ကတော့ ခေါက်ဆွဲပြုတ်စားနေချိန်ဆို အရာရာအကုန်မေ့ပဲ…?

၂။ အစပ်စားပါ
အစပ်မစားနိုင်ဘူးဆိုရင်တောင် အစပ်ကိုနဲနဲစစားကြည့်ပါ။ အစပ်စားတာက ကိုယ်ခန္တာကို သွေးဖိအားလျော့ကျစေပြီးတော့ အီစထိုဂျင်ဟော်မုန်းတွေကိုလျော့ကျစေပါတယ်။ ကိုယ်ဆိုလဲ အစပ်တွေအများကြီးစားတာ စားပြီးရင် နဲနဲပိုအဆင်ပြေလာတယ်…စပ်လို့ခေါင်းတွေထူပူနေတဲ့အချိန်ဆိုရင် ရေခဲချောင်းအေးအေးလေး တစ်ခုပါထပ်စားလိုက် Feeling is so height ပဲ?မယုံမရှိနဲ့နော်..

၃။ချောကလက်လေးတွေစားပါ
ချောကလက်တွေလဲ ထူးဆန်းတယ်နော်…သူကစားလိုက်ရင်ကိုစိတ်ချမ်းသာပြီး စိတ်ထဲပျော်ရွင်စေတဲ့ antioxidant ဓာတ်တစ်ခုကိုပေးတယ်…ချောကလက်လေးတွေကိုသွားဝယ်ရင်ကိုပျော်နေတာ…သူ့ပုံစံလေးရော ထုတ်ပိုးမှုပုံစံလေးရော ချစ်စရာလေးနော်…ချောကလက်ကို အရည်လဲသောက်လို့ရတယ်…ချောကလက်အေးအေးလေးတစ်ခွက်နဲ့ ဟာသစာအုပ်လေးတစ်အုပ်ကိုင်….ဖတ်ပြီးထိုင်သာ ခွီနေပေတော့….အော် ဒါနဲ့…White Chocolate တွေထက် Dark Chocolateတွေမှာက Antioxidant ပိုများတယ်…

၎။နောက်တစ်ချက်ကတစ်ယောက်ထဲမနေပါနဲ့
တစ်ယောက်ထဲရှိနေတဲ့ အချိန်ဆိုရင် တောင်တွေးမြောက်တွေးနဲ့မို့ ကိုယ့်ကိုအသဲခွဲသွားတဲ့သူကို လွမ်းနေမိတတ်တာက ရာခိုင်နှုန်းများပါတယ်…စိတ်ကိုအပြတ်ဖြတ်ပါ..မိသားစုနဲ့အတူအချိန်ကုန်ပါ…မိသားစုနဲ့အနေဝေးနေတယ်ဆိုရင်လဲ ကိုယ့်အပေါင်းသင်းမိတ်ဆွေတွေနဲ့ စကားဝိုင်းမှာ ဟာသတွေပြောဆိုပြီး အချိန်ကုန်ပါ…

၅။ဘာသာရေးလုပ်ပေးပါ
ဘာသာရေးလုပ်တာဟာ စိတ်ကိုအေးချမ်းစေပြီးတည်ငြိမ်စေပါတယ်။ကိုယ့်ကိုကိုယ်လဲယုံကြည်ချက်ရှိပါတယ်။

၆။သီချင်းတွေလဲလုံးဝမနားထောင်ပါနဲ့
အသဲကွဲသီချင်းတွေ အချစ်သီချင်းတွေက သူ့ကိုပိုပြီးသတိရနေတတ်ပါတယ်။လုံးဝမနားထောင်ပါနဲ့…သီချင်းတွေနားထောင်နေမယ့်အစား ကိုယ့်အလုပ်အတွက်အကျိုးရှိမယ့်အရာလေးတွေ ချရေးနေလိုက်တာက ပိုအဆင်ပြေပါမယ်…ဒါမှမဟုတ်လဲ ကိုယ်လိုချင်နေတဲ့ အိတ်တို့ အလှကုန်တို့အကြောင်းပဲခေါင်းထဲတွေးပါ…အဓိကက အစားအသောက်ပေါ့?

၇။ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး
အသဲကွဲတာလဲ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး။လူတိုင်းလူတိုင်း အသဲကွဲဖူးကြပါတယ် အသဲကွဲတာကို ကုစားဖို့နည်းတွေအများကြီးရှိပါတယ် စိတ်ဓာတ်မကျပါနဲ့ ။ ကိုယ့်စိတ်ကိုယ်အနိုင်ယူလိုက်ပါ။အရင်ထက်ပိုလှအောင် ပြင်ပြင်ဆင်ဆင်နေတာကလဲ Confidentပိုရှိလာပြီးတော့ အလုပ်ထဲမှာလဲ ပိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါတယ်။ ဟယ်…နင်လှလာလိုက်တာလို့ ပြောလိုက်ရင် မကြိုက်တဲ့မိန်းကလေးဆိုတာမရှိပါဘူးနော် …သူ့ကိုပြန်လာစေချင်လို့ ကိုယ်လှအောင်နေတာထက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေဖို့ကအရင်ပါ…

၈။အစားအသောက်ပုံစံအမှန်စားပါ

အသဲကွဲရင် ပုံမှန်ထက်ပိုပြီး စားတတ်ကြပါတယ်။ တွေ့ကရာ ပါးစပ်ထဲကောက်ဝါးနေတာမျိုးပေါ့ အာလူးကြော်တို့လို့ ၀ိတ်တက်စေမယ့်ဟာတွေကို အထူးသဖြင့်သတိထားနော်..နဲနဲလေးစားများများဝိတ်တက်တဲ့ဟာတွေ..ရေလေးလဲများများသောက်အုန်း
တစ်ချို့ကျတော့လဲ တအားခံစားရပြီး မစားနိုင်မသောက်နိုင်တွေဖြစ်ပြီး အစားပျက်အအိပ်ပျက်တာများတွေလဲဖြစ်ကြပါတယ်…ဂရုစိုက်ကြပါနော်…

တစ်ချို့တွေက အသဲကွဲနေတဲ့အချိန်ဆိုတစ်ယောက်ထဲနေချင်ကြတယ်။ ဒါဆို တောင်ရောက်မြောက်ရောက်အတွေးတွေဖြစ်မနေအောင် ဖုန်းထဲမှာ yathar app ကို downloadလုပ်ထားနော်… အစားအသောက်နဲ့ကုစားမယ်စိတ်ကူးထားရင်တော့ …yathar က သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ အမြဲအတူရှိနေပေးပါမယ်?ရွေးချယ်စရာဆိုင်တွေကလဲအများကြီး..
စားစရာတွေလဲအများကြီး…ကိုယ်စားခဲ့တဲ့ဆိုင်အကြောင်းကိုလဲ ကိုယ်တိုင်Reviewတွေဝင်ရေး သူများရေးထားတဲ့ဆိုင်တွေလဲ ၀င်ဖတ်ကြည့်ရင်း သူငယ်ချင်းအသစ်တွေတောင်ရအုန်းမှာ…

အစားအသောက်က သစ္စာအရှိဆုံး သူငယ်ချင်းပါ…သူကကိုယ့်ကိုဘယ်တော့မှထားမသွားဘူး❤

Yathar application Download link – https://s.yathar.com/apps

About the author

A Shay Gyi (trigers)