ကိုယ်ခံအားကောင်းမှ ရောဂါတစ်ခုခုဝင်လာရင် ပိုပြီးခံနိုင်ရည်ရှိမှာပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့အတိုင်း ဘာလေးတွေစားရင် ကိုယ့်ခန္ဓာကိုယ်အတွက် ဘယ်လိုမျိုး အထောက်အကူဖြစ်မလဲဆိုတာသိဖို့ ဆက်ဖတ်ကြည့်လိုက်ရအောင်..
ကြက်သွန်နီ
ကိုယ်ခံအားကောင်းစေတဲ့အစားအသောက်တွေကိုပြပါဆိုရင် berry သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ညွှန်ပြရမှာပါပဲ။ သူတို့မှာ Vitamin C, B and E ဓါတ်တွေပါဝင်လို့ ရောဂါဖြစ်ပွားနှုန်းတွေကိုလျော့ကျစေပြီး ကိုယ်ခံအားကို တိုးပွားစေပါတယ်။ ဒါ့ကြောင့် ကြက်သွန်နီကိုစားပေးပါ။
ကြက်ဥ
ကြက်ဥတစ်လုံးမှာ Vitamin အမျိုးပေါင်း ၂၀ ကျော်ပါဝင်ပါတယ်။ ကြက်ဥစားပေးခြင်းဖြင့် ကိုယ်ခံအား မြှင့်တင်ပေးနိုင်တာကြောင့် ကြက်ဥကိုလည်း စားပေးသင့်ပါတယ်။
Green Tea ( ရေနွေးကြမ်း )
ရေနွေးကြမ်းမှာ flavonoids ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ virus တွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဒါလေးတွေက အိမ်မှာ အလွယ်တကူရှိနိုင်တဲ့ အစားအသောက်တွေဖြစ်ပြီးတော့ ဒါလေးတွေ စားပေးခြင်းအားဖြင့်လည်း ကိုယ်ခံအားတွေ မြှင့်တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒါလေးတွေကို စားလိုက်ကြစို့လား။