ငွေရှားလာတဲ့အချိန် ငွေကို ကျစ်ကျစ်လျစ်လျစ် သုံးစွဲတတ်ဖို့ကလည်း အရေးကြီးသလို မီးဖိုချောင်စားရိတ်ကို သက်သာအောင် အပိုကုန်ကျမများစေတဲ့ ဟင်းကောင်းကောင်းလေးတွေ ချက်နိုင်ဖို့ကလည်း အိမ်ရှင်မတေေွအတွက် အရေးကြီးပါတယ်။ ဘယ်ဟင်းကို ဘယ်လိုချက်ရင်ကောင်းမလဲဆိုတာ အိမ်ရှင်မတွေ ဈေးသွားတိုင်း ခေါင်းခြောက်ရပါတယ်။ အဲ့ဒါကြောင့် yathar က အိမ်ရှင်မတွေကို တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်အောင် ဟင်းချက်နည်းပေါင်းစုံကို ဖော်ပြပေးလိုက်ပါတယ်။
ဟင်းချက်တိုင်း မပါမဖြစ်အရည်ဟင်းတစ်ခွက်ချက်တတ်သူတွေအတွက် အရည်ဟင်း ၃ မျိုး ချက်နည်းလေးကို ဒီ link လေးကနေတဆင့် သိရှိနိုင်ပါတယ်။
ချဉ်ချဉ်စပ်စပ်လေးနဲ့ ထမင်းစားရမယ်ဆို ခံတွင်းမြိန်တတ်ပါတယ်။ အဲ့ဒါကြောင့် ချဉ်ချဉ်စပ်စပ် ပုစွန်ဆိတ်သုပ်လေးကြိုက်တတ်သူတွေအတွက် ပုစွန်ဆိတ်သုပ် သုပ်နည်းလေးကို ဒီ link ကနေ ဖတ်ရှုနိုင်ပါတယ်။
မွှေးမွှေးလေးနဲ့ ကလေးရော လူကြီးရောကြိုက်ကြတဲ့ ဟင်းတစ်မျိုးကတော့ ကြက်ပင်စိမ်းချက်လေးဆိုရင်လည်း မမှားဘူးနော်။ ပူပူနွေးနွေးလေးဆို ပိုပြီးမွှေးလို့ စားခါနီးမှ ချက်စားရင် ပိုကောင်းပါတယ်။ ဝက်သားမစားတဲ့သူတွေနဲ့လည်း အံကိုက်လို့ ဒီဟင်းလေးတစ်ခွက်ကိုတော့ အိမ်ရှင်မတွေ မှတ်ထားသင့်တယ်နော်။ ဟင်းချက်နည်းလေးကိုတော့ ဒီ link လေးထဲမှာ ဖတ်ရှုနိုင်ပါတယ်။
ထမင်းသုပ်ကလည်း အရမ်းစားကောင်းပြီး ပါဝင်ပစ္စည်းတွေကလည်း ဈေးသက်သာတော့ အိမ်ရှင်မတွေအတွက် အဆင်ပြေတယ်နော်။ ထမင်းသုပ်ကို သုပ်တဲ့ပုံစံအများကြီးထဲက ဝယ်ရလွယ်တဲ့ပစ္စည်းတွေနဲ့ သုပ်ထားတဲ့ ထမင်းသုပ် ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ထမင်းသုပ်နည်း ၄ မျိုးကိုတော့ ဒီ Link လေးမှာ ဖတ်ရှုနိုင်ပါတယ်။
အိမ်မှာပဲ Hot Pot လုပ်စားချင်တဲ့ အိမ်ရှင်မတွေအတွက် ငွေကုန်ကြေးကျသက်သာစေတဲ့ Hot Pot လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ Hot Pot လုပ်နည်းလေးကိုတော့ ဒီ link လေးထဲမှာ ကြည့်ရှုနိုင်ပါတယ်။
ဘာဟင်းချက်ရမယ်မှန်းမသိရင်တော့ ဝက်သားတစ်နေလှန်းကြော်လေးနဲ့ အရည်ဟင်းလေးတစ်ခွက်ကတော့ တကယ့်ကို ထမင်းမြိန်စေမယ့် ဟင်းတစ်မျိုးပဲနော်။ ဝက်တစ်နေလှန်းကြော်ကို များများလုပ်ပြီး သိမ်းထားလို့လည်းရတဲ့အတွက် စားချင်တဲ့အချိန်စားလို့ရတယ်။ ဝက်သားတစ်နေလှန်းကြော်ပြုလုပ်နည်းလေးကိုတော့ ဒီ link လေးကနေတဆင့် ဖတ်ရှုနိုင်ပါတယ်။
ပုစွန်ကြော်ကိုမှ ထူးထူးဆန်းဆန်း စပ်စပ်မွှေးမွှေးလေး ကြော်စားချင်တဲ့သူတွေအတွက် ဒီဟင်းချက်နည်းလေးလည်းရှိတယ်နော်။ ဟင်းချက်နည်းလေးကိုတော့ ဒီ link လေးကနေ တဆင့် ဖတ်ရှုနိုင်ပါတယ်။
ကြက်တောင်ပံကြော်ကို ဆီနဲ့ မကြော်ပဲ ကိုလာနဲ့ကြော်နည်းလေးကိုတော့ ဒီ link လေးကနေတဆင့် ဖတ်ရှုနိုင်ပါတယ်။
အပ်မှိုချဉ်ချဉ်စပ်စပ် သုပ်စားချင်တဲ့သူတွေအတွက် အပ်မှိုချဉ်စပ်သုပ်နည်းလေးကတော့ link လေးထဲမှာရှိနေပြီနော်။ ထမင်းမြိန်စေမှာမို့ အခုပဲ click လုပ်ကြည့်လိုက်မယ်လေ။
ဟင်းချက်နည်းတွေလည်း အများကြီးပဲမို့ တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ကြည့်လိုက်ကြစို့နော်။